အထူးအဆန်းတော့မဟုတ်ပေမယ့် မကြုံဖူးတဲ့သူတွေသိထားရင် ဖြစ်လာတဲ့အခါ အခက်မတွေ့တော့ဘူးပေါ့။
၁. Outlook မှာ Email Send & Receive မရဘူး (Connection ကတော့ ရတယ် Setting တွေလဲမှန်တယ်)
၂. Inbox ထဲက Message တွေ တစ်ခုမှ Delete လုပ်လို့မရဘူး
၃. Delete Item ထဲက ဟာတွေ Empty လုပ်လို့မရဘူး
၎. Outlook (PST) ဖိုင်ကို ကူးပြီး တခြားစက်က Outlook မှာ ထည့်ပြီး စမ်းကြည့်တယ် မရပြန်ဘူး
အဲ့ဒါတွေဘာကြောင့်ဖြစ်လဲဆိုတော့ PST ဖိုင်ထဲမှာ Data Structure တွေနဲ့ ဖွဲ့စည်းထားတာပါ။ ကျွန်တော်တို့ HDD မှာ Partition Error တက်သလိုမျိုးပေါ့။ အဲ့ဒီ Data Structure တွေကို ပြန်ပြင်ပေးရပါတယ်။
ပြန်ပြင်တဲ့ Tools က တော့ Outlook တင်ကတည်းက တစ်ခါတည်း Install လုပ်ပြီးသား ဖြစ်ပါတယ်။
c:\program files\common files\system\msmapi\1033 အောက်မှာ Inbox Repair Tool ရှိပါတယ်။
အဲ့ဒါလေးနဲ့ repair လုပ်ပေးရင် အဆင်ပြေသွားပါလိမ့်မယ်။
ကျွန်တော်စမ်းကြည့်သလောက်တော့ Microsoft Office 2003 အထိ အဆင်ပြေပါတယ်။
No comments:
Post a Comment