နောက်ပိုင်း Windows XP အခွေတွေ V.3, V.5, V.6, 2006, 2007 ဆိုပြီး အများကြီးပဲ ဈေးကွက်ထဲမှာ ထွက်လာပါတယ်။CD Key လဲရိုက်စရာမလိုဘူး။ Driver တွေလဲ တော်တော်များများပြန်တင်စရာမလိုဘူး။ တခြား software တွေက အစ ပြန်တင်စရာမလိုအောင် ပြည့်ပြည့်စုံစုံလုပ်ပေးထားပါတယ်။ ဒါပေမယ့် အဲ့လိုအခွေတွေမှာ ဘာပြသနာရှိလဲဆိုတော့ အခုနောက်ပိုင်းထွက်တဲ့ PCI-E Graphic Card တွေနဲ့ဆိုရင် Driver ပြသနာတက်ပါတယ်။ Windows တင်ပြီးရင် တက်မလာပဲ restart ပြန်ကျတဲ့ ပြသနာပါ။ ဖြစ်ခါစ ကဆိုရင် ဘယ်ကဖြစ်လို့ဖြစ်မှန်းမသိ Sata HDD Controller ကြောင့်လိုလို၊ Bios ထဲဝင်ပြီး ဟိုဟာပြင်လိုက် ဒီဟာပြင်လိုက်နဲ့ တော်တော်အလုပ်ရှုပ်သွားပါတယ်။ အဲ့ဒီ့တုန်းက အချိန်က လဲ နောက်ကျနေတော့ Save Mode နဲ့ တက်ကြည့်ဖို့ကိုမေ့နေတယ်။ တော်တော်နဲ့ သတိမရဘူး။ နောက်တစ်ခါ ပြန်ဖျက်ပြီး ပြန်တင်တယ်။ ဒီတိုင်းပဲ။
နောက်ဆုံးမှ Save Mode နဲ့တက်ဖို့သတိရတယ်။ အဲ့ဒီတော့မှ အဖြေကိုတွေ့တော့တယ်။ တပ်ထားတဲ့ PCI Express Graphic Card ကို Windows မှာ Built-in ပါတဲ့ Driver နဲ့ အဆင်မပြေလို့ ဖြစ်တာပါ။ အဲ့ဒါကို ပြန် uninstall လုပ်ပြီး သူ့ driver နဲ့ သူ ပြန်တင်ပေးလိုက်ရင် အားလုံး OK သွားမှာပါ။
No comments:
Post a Comment