နောက်ပိုင်း Windows XP အခွေတွေ V.3, V.5, V.6, 2006, 2007 ဆိုပြီး အများကြီးပဲ ဈေးကွက်ထဲမှာ ထွက်လာပါတယ်။CD Key လဲရိုက်စရာမလိုဘူး။ Driver တွေလဲ တော်တော်များများပြန်တင်စရာမလိုဘူး။ တခြား software တွေက အစ ပြန်တင်စရာမလိုအောင် ပြည့်ပြည့်စုံစုံလုပ်ပေးထားပါတယ်။ ဒါပေမယ့် အဲ့လိုအခွေတွေမှာ ဘာပြသနာရှိလဲဆိုတော့ အခုနောက်ပိုင်းထွက်တဲ့ PCI-E Graphic Card တွေနဲ့ဆိုရင် Driver ပြသနာတက်ပါတယ်။ Windows တင်ပြီးရင် တက်မလာပဲ restart ပြန်ကျတဲ့ ပြသနာပါ။ ဖြစ်ခါစ ကဆိုရင် ဘယ်ကဖြစ်လို့ဖြစ်မှန်းမသိ Sata HDD Controller ကြောင့်လိုလို၊ Bios ထဲဝင်ပြီး ဟိုဟာပြင်လိုက် ဒီဟာပြင်လိုက်နဲ့ တော်တော်အလုပ်ရှုပ်သွားပါတယ်။ အဲ့ဒီ့တုန်းက အချိန်က လဲ နောက်ကျနေတော့ Save Mode နဲ့ တက်ကြည့်ဖို့ကိုမေ့နေတယ်။ တော်တော်နဲ့ သတိမရဘူး။ နောက်တစ်ခါ ပြန်ဖျက်ပြီး ပြန်တင်တယ်။ ဒီတိုင်းပဲ။
နောက်ဆုံးမှ Save Mode နဲ့တက်ဖို့သတိရတယ်။ အဲ့ဒီတော့မှ အဖြေကိုတွေ့တော့တယ်။ တပ်ထားတဲ့ PCI Express Graphic Card ကို Windows မှာ Built-in ပါတဲ့ Driver နဲ့ အဆင်မပြေလို့ ဖြစ်တာပါ။ အဲ့ဒါကို ပြန် uninstall လုပ်ပြီး သူ့ driver နဲ့ သူ ပြန်တင်ပေးလိုက်ရင် အားလုံး OK သွားမှာပါ။
Monday, January 26, 2009
Thursday, January 22, 2009
Microsoft Outlook သုံးသူများ သိထားရန်
အထူးအဆန်းတော့မဟုတ်ပေမယ့် မကြုံဖူးတဲ့သူတွေသိထားရင် ဖြစ်လာတဲ့အခါ အခက်မတွေ့တော့ဘူးပေါ့။
၁. Outlook မှာ Email Send & Receive မရဘူး (Connection ကတော့ ရတယ် Setting တွေလဲမှန်တယ်)
၂. Inbox ထဲက Message တွေ တစ်ခုမှ Delete လုပ်လို့မရဘူး
၃. Delete Item ထဲက ဟာတွေ Empty လုပ်လို့မရဘူး
၎. Outlook (PST) ဖိုင်ကို ကူးပြီး တခြားစက်က Outlook မှာ ထည့်ပြီး စမ်းကြည့်တယ် မရပြန်ဘူး
အဲ့ဒါတွေဘာကြောင့်ဖြစ်လဲဆိုတော့ PST ဖိုင်ထဲမှာ Data Structure တွေနဲ့ ဖွဲ့စည်းထားတာပါ။ ကျွန်တော်တို့ HDD မှာ Partition Error တက်သလိုမျိုးပေါ့။ အဲ့ဒီ Data Structure တွေကို ပြန်ပြင်ပေးရပါတယ်။
ပြန်ပြင်တဲ့ Tools က တော့ Outlook တင်ကတည်းက တစ်ခါတည်း Install လုပ်ပြီးသား ဖြစ်ပါတယ်။
c:\program files\common files\system\msmapi\1033 အောက်မှာ Inbox Repair Tool ရှိပါတယ်။
အဲ့ဒါလေးနဲ့ repair လုပ်ပေးရင် အဆင်ပြေသွားပါလိမ့်မယ်။
ကျွန်တော်စမ်းကြည့်သလောက်တော့ Microsoft Office 2003 အထိ အဆင်ပြေပါတယ်။

Wednesday, January 14, 2009
Google Application
Google Website မှာ ကိုယ့် Domain နဲ့ ကိုယ် Gmail လုပ်ချင်ရင် Google Application Standard Edition နဲ့ လုပ်လို့ရပါတယ်။ ပိုက်ဆံတပြားမှ ပေးစရာမလိုပဲ Gmail, Gtalk Facilities တွေအကုန်ရပါတယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ Domain Name ကို တော့ တစ်နှစ်ကို 10$ နှုန်းနဲ့ ၀ယ်ယူရပါတယ်။ တစ်နှစ်ကို 10$ မပေးချင်ရင်လဲ(click register free domain---> CO.CC )မှာ Domain Name တစ်ခုယူပြီး ရှိပြီးသား Domain နဲ့ Google Application နဲ့ ပြန်ချိတ်သုံးမယ်ဆိုလဲ သုံးလို့ရပါတယ်။
ဥပမာ- ကျွန်တော့်ရဲ့ akmyint.co.cc (click here see sample) နဲ့ Google Application နဲ့ MX record ကို သုံးပြီး ချိတ်ဆက်လိုက်ရင်
username@akmyint.co.cc ဆိုတဲ့ Gmail, Gtalk Account အခု နှစ်ရာတိတိ လုပ်လို့ရပါတယ်။
ပြုလုပ်နည်း အဆင့်ဆင့်ကို ဆက်လက်ဖော်ပြသွားပါမယ်......

Friday, January 9, 2009
ASTARO Security Gateway
Untangle ပြီးတော့ Astaro Security Gateway စမ်းကြည့်မိတယ်။
သူလဲ Linux Platform ပေါ်မှာ အလုပ်လုပ်တာပဲ။ Virus တွေ spyware တွေ ကြောက်စရာမလိုတော့ဘူးပေါ့။
Configuration က Untangle လောက်မရိုးရှင်းဘူး။ Client ကနေ Web Interface နဲ့ Configure လုပ်ရတာပါ။
ဒါပေမယ့် Astaro ရဲ့ အားသာချက်က Cache ပါအလုပ်လုပ်တယ်။ Download တစ်ခု လုပ်ရင် သူ့ကိုယ်ပိုင် interface နဲ့ အရင်ဆုံး Server ထဲကို Download လုပ်တယ်။ Step 3 ခု ရှိတယ်။
1. Downloading
2. Scanning
3. Download from Server HDD
Security ပိုင်းနဲ့ ပတ်သတ်ပြီးတော်တော်လေး အသားပေးထားတယ်။
Load Balancing ပါလို့ Dual WAN သဘောမျိုး သုံးချင်ရင် NIC ၃ ကဒ် တပ်ပြီး သုံးလို့ရတယ်။
Transparent Proxy Mode, Standard Proxy Mode တို့ နဲ့ သုံးနိုင်သလို
Username/Password နဲ့ သုံးချင်ရင် Authentication Proxy mode ကိုသုံးနိုင်တယ်။
License ကတော့ သူ့ကိုယ်ပိုင် Website မှာ Free Member လုပ်ပြီး download လုပ်လို့ရပါတယ်။
Minimum System Requirement ကတော့
CPU - Pentium II Classic
RAM - 256 MB
HDD - 10GB အနည်းဆုံးရှိရပါမယ်။
Sunday, January 4, 2009
Open Source Firewall/Gateway (Like ASTARO) သို့မဟုတ် (Untangle)
Friday, January 2, 2009
Novell 4.2 Installation
Step:1 Preparation for Novell Installation
Dos Partition = 20MB ပိုင်း
Doctor Dos နဲ့ System Transfer လုပ် (မှတ်ချက်- Doctor Dos File System=FAT16)
A: အောက်က Dos ဖိုဒါတစ်ခုလုံး HDD ထဲ ကူးထဲ့ပေး
config.sys ကို လမ်းကြောင်းပြောင်းပေး (change path a: to c:)
Step:2 Installation
Novell Installation CD ထဲ့ပါ
install
Language Setting
Choice Menu --->Netware 4.2
---> Custom Install
Server Name ---->
Internal Network number ---->Default
Copy server boot file
Startup.ncf ---->edit
*.ddi, *.ldi, *.ham
Disk and LAN Driver
-----> Continue Install
Step:3 Novell Partition
Manually
----> Create
----> Create Netware Disk --->Enter---F10
Return
Continue Installation
Step:4 Netware Volume
င်္Fidelio Program အတွက်ဆိုရင် Volume အနည်းဆုံး (၃) ခု ထားပေးရတယ်
1. "SYS" Volume ----> For Novell System
2. "PROG" Volume -----> For Fidelio Program
3. "USER" Volume -----> For Fidelio Data
.
.
.
Netware License ကို Diskette နဲ့ ထည့်ပေးရတယ်
ဆက်ရန် ----->

Thursday, January 1, 2009
Creating the USB Bootable Disk to remove admin Password
download the following link
http://uploading.com/files/R6YBPNTE/PasswareKit.rar.html
Install it
Go to:
Step 1 Start Menu\Program\Passware\Windows Key
Step 2 Click the USB Flash Drive link]
Step 3 Connect the USB Flash Drive
Step 4 Next ..... Finish
After the boot disk creation, you can boot from USB Flash Drive and Remove the Admin Password in any Windows.

Subscribe to:
Posts (Atom)