Friday, April 4, 2014

Air Con ၀ယ်ရင် သိသင့်သည့်အချက်များ ( FB post တစ်ခုမှကူးယူထားပါသည်)

Air Con oယ်မယ်ဆို သိထားသင့်တဲ့ အချက်များ
1.British Thermal Unit (Btu)
Air Con တစ်လုံးရဲ့  အေးနိုင်စွမ်းကို Btu နဲ့ပဲ ဖော်ပြလေ့ရှိပါတယ်။ Btu များလာတဲ့အလျောက် သူ့ရဲ့  ဈေးနှုန်းကလဲ လိုက်ပြီး များလာမှာပါ။
အများစု သိထားကြတယ့် horsepower (hp) က တကယ်တမ်းတော့ အရေးမပါပါဘူး။
မိမိ သုံးမယ့်အခန်းရဲ့ အလျားxအနံ square foot ကို 35 နဲ့ မြှောက်ပါ။ ရလာတဲ့အဖြေက မိမိ အခန်းအတွက် လိုအပ်တဲ့ Btu ပါပဲ။
ဥပမာ ၁၂ ပေx ၁၅ ပေ အခန်းဆိုရင် square foot က ၁၈၀ ပါ။ ၁၈၀ x ၃၅ = ၆၃၀၀ Btu လိုအပ်ပါတယ်။
အရိပ်ကျတဲ့အခန်းမှာဆို ရလာတဲ့ Btu ကို ၁၀% နှုတ်ပါ။
နေရောင်တိုက်ရိုက်ကျတဲ့ အခန်းမှာဆို ရလာတဲ့ Btu ကို ၁၀% ပေါင်းပေးပါ။
မီးဖိုချောင်မှာ သုံးမယ်ဆိုရင် ရလာတဲ့ Btu ကို ၄၀၀၀ ထပ်ပေါင်းပေးပါ။
အခန်းထဲမှာ လူ ၁ ယောက်ထပ် ပိုနေမယ်ဆိုရင်တော့ လူတစ်ဦးအတွက်ကို ၆၀၀ Btu စီ ထပ်ပေါင်းပေးပါ။

2. Energy Efficiency Ratio(EER)
EER ဆိုတာ Btu per hour ကို input Watt(W) နဲ့ စားထားတဲ့ အချိုးပါ။
EER များတဲ့ Air Con တွေက ရေရှည်မှာ မီးအား ကုန်ကျစရိတ် သက်သာပါတယ်။
EER များလာရင် Air Con ဈေးလဲ လိုက်များလာပါတယ်။
Air Con အများစုကတော့ EER ၈.၂ ကနေ ၁၀.၇ ကြားမှာ ရှိကြပါတယ်။
၂၄ နာရီ ၇ ရက်လုံး ဆက်တိုက် သုံးရမယ့်နေရာမျိုးမှာဆို EER မြင့်တဲ့ Air Con ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
3. Noise
ဆူညံမှုဆိုတဲ့နေရာမှာ split type မှာဆိုရင် အတွင်း unit နဲ့ အပြင် unit ရဲ့ ဆူညံမှုဆိုပြီး ၂မျိုး ရှိပါတယ်။ အတွင်း unit က တော်တော်ဆူညံနေတယ်ဆိုရင် သင်ညအိပ်လို့ရမှာ မဟုတ်ပါဘူး။
4. Copper Pipe Quality
AirCon မှာ outdoor unit ထဲမှာရော Indoor unit ထဲမှာရော ၂ခုကို ဆက်ပေးထားတဲ့ ပိုက်မှာရော ကြေးစစ်ဖို့ လိုအပ်ပါတယ်။ ကြေးမစစ်ရင်တော့ Compressor နဲ့ Condensor ဘယ်လောက်ကောင်းကောင်း full quality အအေးကို မရရှိနိုင်ပါဘူး။ တချို့ Air Con တွေမှာ ကြေး(၁၀၀%) အစား အလူမီနီယမ်(၁၀၀%) သို့မဟုတ် အလူမီနီယမ် ကြေး ရောစပ်ပြီး သုံးထားပါတယ်။ ကုန်ကြမ်းဝယ်စရိတ်မှာ ကြေးက ၂ဆ ပိုကုန်ကျပါတယ်။ နောက်ပြီး ကြေးက အလူမီနီယမ်ထက် ပွတ်တိုက်စားနှုန်း ပိုခံနိုင်ပါတယ်။ အပူချိန် ပြောင်းလဲတဲ့ အမြန်နှုန်းမှာလဲ ကြေးက ၂ဆ ပိုမြန်ပါတယ်။
-ကြေးပိုက်ဈေးနှုန်းကလဲ ၁ ကောင် Air Con မှာ တစ်ပေ ၁၁၀၀ ကျပ် original ( ဖော့စွပ်မှာ ဆက်ရာကွဲရာမပါ) ရှိပါတယ်။ ၁.၅ကောင် Air Con မှာ တစ်ပေ ၁၅၀၀ ကျပ် original (ဖော့စွပ်မှာ ဆက်ရာကွဲရာမပါ) ပဲ ရှိပါတယ်။
5. ကြေးပိုက် ဖော့စွပ်
Outdoor နဲ့ Indoor unit ကို ဆက်ပေးတဲ့ ကြေးပိုက်ကို စွပ်တဲ့ ဖော့စွပ်က original စွပ်ပြီးသားမှ အအေးလုံမှာပါ။ ပိုက်သပ်သပ်ဝယ် ဖော့စွပ် သပ်သပ်ဝယ်ပြီး ဖော့စွပ်ကို ထက်ခြမ်းအလျားလိုက် အစဆုံး လှီးပြီးမှ ဖော့စွပ်ထဲ ကြေးပိုက် ထည့်တာက အအေးဓာတ် ကို လျော့ကျစေတဲ့အပြင် ပိုက်မှာလဲ ရေယိုစေပါတယ်။ အတွင်းမှာလဲ condensation အရည်တွေခဲသွားပြီး အအေးဓာတ် လျော့ကျစေတတ်ပါတယ်။
ဒါကြောင့် air con ဘယ်လောက်ကောင်းတာပဲ ၀ယ်ဝယ် ကြေးပိုက် စနစ်မှာ ချို့ ယွင်းနေရင်တော့ အလကားဖြစ်သွားမှာပါ။

Block Facebook in Mikrotik Web Proxy without L7


This articles can help you to use some Technical Task to block http://www.facebook.com or https://www.facebook.com using Mikrotik Firewall in few steps. We will use IP Firewall feature included in Mikrotik. We assume the LAN (Local Area Network) address is 192.168.100.0/24





Here are the steps:


1. Login via winbox

go to IP Firewall > Filter Rules > General 
Select >Chain = Forward
Src-Add= (Your LAN's Network Address with Subnet Mask) here is 192.168.100.0/24




Select> Advance Tab
go to> Content > add> facebook.com.*
 Select> Action Tab
go to> Action > Reject with  icmp admin prohibited
or // select action>drop and apply > ok




return firewall rules>


select facebook firewall rule >click >enable






 go to browser and > type https://www.facebook.com


 and you will get the result >
this web page is not available.